Tuesday, January 13, 2009
နယ်သာလန်နိုင်ငံ နှစ်သစ်မင်္ဂလာဆုတောင်းပွဲ
Type your summary here.
Type the rest of your post here.
၁၃၇၀ ခုနှစ် ပြာသိုလပြည့် စနေနေ့ (၁၀-၀၁-၂၀၀၉)
နယ်သာလန်နိုင်ငံ နှစ်သစ်မင်္ဂလာဆုတောင်းပွဲ နှင့် စုပေါင်းအလှူဒါနဆွမ်းကပ်လှူဒါန်းခြင်း
နယ်သာလန်နိုင်ငံ ပညာရံသီဝိဟာရ မြန်မာဘုန်းတော်ကြီးကျောင်းတွင်
သံဃာတော်အသျှင်သူမြတ်တို့အား စုပေါင်းဆွမ်းဆက်ကပ်လှူဒါန်းကြ၍
နှစ်သစ်မင်္ဂလာဆုတောင်းပွဲတရပ်ကို ပြုလုပ်ခဲ့ပါသည်။
သံဃာ့ဥသျှောင် ဆရာတော်ဘုရားကြီး ဦးပညာဝံသ အားအမှူးထား၍
ဆရာတော်ဦးဥတ္တရ နှင့်ဆရာတော်ဒေါက်တာဦးသြသရသာရ တို့မှ
ကြီးမှူး၍ နယ်သာလန်နိုင်ငံရောက်မြန်မာပြည်သူပြည်သားအားလုံးနှင့်
နယ်သာလန်နိုင်ငံသားအားလုံး ကမ္တာသူကမ္တာသားအာလုံးတို့
ဘေးရန်ခပ်သိမ်းကင်းငြိမ်းကြစေရန် ရည်စူး၍ မေတ္တာသုတ်တော်နှင့်
နိဗ္ဗာန်ရောက်ကြောင်း ဓမ္မရက္ခိတ တရားအပေါင်းတို့ကို ဟောမြွက်
ညွှန်ကြားဆုံးမ သြ၀ါဒ တရားများဟောကြားခဲ့ပါသည်။
အရပ်မျက်နှာအလိုက် မေတ္တာပေးဝေ ရွတ်ဖတ်သရဇျွယ်ကြ၍
မေတ္တာကမ္မဋ္ဌာန်းဆီးဖြန်းကြပါသည်။
အားလပ်ချိန်နောက်ပိုင်းဆရာတော်များမှ ရှေ့အစီအစဉ်များနှင့်သာသနာပြု
လုပ်ငန်းစဉ်များကို ညှိနိုင်းဆွေးနွေးရာ အမျိုးဘာသာ သာသနာနှင့်
ရိုးရာယဉ်ကျေးမှုထုံးတမ်းစဉ်လာများ မပပျောက်စေရန်
ဗုဒ္ဓဘာသာဝင်တိုင်းတွင်တာဝန်ရှိကြောင်းနှင့်မိမိတတ်နိုင်သည့်ဖက်မှ
တတပ်တအားပါဝင်ကူညီကြရန်လိုအပ်ကြောင်းမိန့်ကြားခဲ့ပါသည်။
မူလအဖွဲ့ဝင်များနှင့်အတူအဖွဲ့ဝင်သစ်များဖိတ်ခေါ်ပေါင်းစည်းခဲ့ပါသည်။
ဆက်လက်လုပ်ဆောင်မည့် သင်္ကြန်ပွဲအစီစဉ်နှင့် သံဃာ့ဒါနဆွမ်းဆံစိမ်း
လောင်းလှူပွဲတစ်ရပ်ကို စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရန်
အစည်းအဝေးတစ်ရပ်ကို လာမည့် ၂၄-၀၁-၂၀၀၉ ခုနှစ် စနေနေ့တွင်
ကျင်းပပြုလုပ်နိုင်ရန် နှင့်အသေးစိတ်တာဝန်ယူမှုအပိုင်းများခွဲဝေကြရန်
ဆုံးဖြတ်ချက်ချခဲ့ပါသည်။
အစည်းအဝေးကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အောင်မြင်
စွာနိဂုံးချုပ်ခဲ့ပါသည်။
Monday, January 12, 2009
နယ်သာလန်နိုင်ငံ နှစ်သစ်မင်္ဂလာဆုတောင်းပွဲ 1
Monday, December 29, 2008
New year နှစ်သစ်မင်္ဂလာဆုတောင်းပွဲဖိတ်ကြားလွှာ
နှစ်သစ်မင်္ဂလာဆုတောင်းပွဲဖိတ်ကြားလွှာ
နယ်သာလန်နိုင်ငံရောက်မြန်မာပြည်သူပြည်သားများ
ကမ္ဘာသူကမ္ဘာသားအားလုံး ကောင်းခြင်းမင်္ဂလာအပေါင်းတို့နှင့်
ပြည့်စုံပြီး နှလုံးစိတ်ဝမ်း ချမ်းမြေ့ငြိမ်းချမ်းကြပါစေရန်
မေတ္တာရည်သန်လျှက် ပညာရံသီဝိဟာရ ဘုန်းတော်ကြီးကျောင်းတွင်
ပင့်သံဃာအရှင်သူ မြတ်တို့အား ဆွမ်းကပ်လှူဒါန်း ဒါန ပြုကြမည်ဖြစ်ပါ၍
ဆရာတော်အရှင်သူမြတ်တို့ထံမှ ဒါန သီလ အနုမောဒန၀ါစာ ပရိတ္တဓမ္မာများကို
နာကြားကြည်ဖြူ ကုသိုလ်အတူယူကြပါရန် နှင့် နှစ်သစ်မင်္ဂလာဆုတောင်း
ပတ္ထာနာ ပွဲသို့ တူညီလက်တွဲ ဆင်နွဲကြွရောက်ကြပါရန် မေတ္တာရှေ့ထား၍
ဖိတ်ကြားနိုးဆော်အပ်ပါသည်
ကျင်းပမည့်နေ့ရက်---------- ၁၀-၀၁-၂၀၀၉
ကျင်းပမည့်အချိန် ---------- နံက် ၉နာရီ မှ ညနေ ၄ နာရီထိ
ကျင်းပမည့်နေရာ ---------- ပညာရံသီ ၀ိဟာရ ကျောင်း
-----------------------------Van Beekstraat 102A
-----------------------------1121 NS Landsmeer. Amsterdam.
ဆက်သွယ်ရန်ဖုန်း -------- 31(020)4822733 (http://prv108.blogspot.com)
Tuesday, December 23, 2008
အရှေ့ကိုလျှောက် အနောက်ကိုမျှော် (ကဗျာ - ဘုန်းသီ)
Type your summary here.
Type the rest of your post here.
အရှေ့ကိုရှောက်
အနောက်ကိုမျှော်၊ တခါသော်က
ဒို့နော် စကား၊ နား ၀ယ် ကြားခဲ့ ။
ယခုသော်ကား၊ထိုစကားကို
ဒို့များအနောက်၊နိုင်ငံရောက်စဉ်
ထွန်းပေါက်ဆင့်ဆင့်၊ ကံတွေမြင့်အောင်
ထည်ခွင့်ကျောင်းကြီး၊ ဒို့စုစည်းလျှက်
ပြုနည်းကိုပြ၊ ဥရောပ၏
အလှရောင်လျှံ၊ နယ်သာလန်ဝယ်
ထိုက်တန် ခွင့်ရေး ကြုံခဲ့ပြီ။
ကြုံခဲ့ ဤခါ၊ သာသနာတွက်
ကမ္ဘာ ထင်ရှား၊ လူအများလည်း
ကျင့်ပွားနိုင်စေ၊ စိတ်ကောင်းစေဖြင့်
ဒို့တွေများစွာ၊တည်ဆောက်ပါလျှင်
သူငါအမျိုါ်၊ လောကကျိုးတွက်
ကောင်းဆိုးတိုင်ပင်၊ သနားကြင်လျှက်
လူရှင်ဖေးမ၊ ကူညီကြရင်း
ဒုက္ခ ဟူသ၍၊ မြူ မတွေ့တည့်
ချမ်းမြေ့ စိတ်ဝမ်း၊ ကျောင်း သင်္ခန်းမှ
လှူဒါန်း ကုသိုလ်၊ သာဓု ပို၍
မဂ် ဖိုလ် နိဗ္ဗာန်၊ စည်း စိမ် လျှံသည်
မြန် မြန် ပြီး ဘို့ ကျောင်းဆောက်စို့ ။ ။
(ကဗျာ - ဘုန်းသီ)
Monday, December 15, 2008
ကျောင်းဒကာ ကျောင်းအမ ဂုဏ်ရှိစွာ့
Type your summary here.
Type the rest of your post here.
၁ ။ ယခုလက်ရှိ ငှားထားသော ကျောင်းသည် ထလလျှင်
ဥရောပ ငွေ ၁၁၅၀ ယူရို ပေးရပါသည်။
တနှစ် ငှားသည်ဖြစ်၍ ၁၃၇၀၀ -ယူရို လိုအပ်ပါသည်။
နောက်နှစ် ၂၀၀၉ - ခုနှစ် ဂျူလိုင်လအထိဖြစ်သည်။
၂ ။ ကျောင်းအတွက် လစဉ် ဥရောမငွေ ၅၀- နှင့် ၅၀
အထက်လှူဒါန်းသော ကုသိုလ် စေတနာရှင်များကို
ဂုဏ်ပြု လက်မှတ်များ ဖြင့် ပေးအပ် ချီးမြင့်ပါမည်။
၃ ။ ယခု သြဂုတ်လ မှစ၍ နောက်ထပ် ၆ - လ လွန်လျှင်
နယ်သာလန်ရောက် မြန်မာ နိုင်ငံသားများ ပိုင်ဆိုင်သော
ကျောင်းတော် စင်တာအဖြစ် ၀ယ်ယူနိုင်အောင် ကျိုးစား
၍ အလှူငွေ များကို ငှားခမပေးရဘဲ ကျောင်းမောဂိတ်
ပေးထားပြီး တိုးတက်အောင် စုဆောင်းကြပါမည် ။
၎ ။ ကျောင်းတော် တည်ဆောက် ထိမ်းသိမ်းနိုင်ရန်
ရေ ၊ မီး ၊ ဘုရား ဝေယျာဝစ္စ ကျောင်းဝေယျာဝစ္စ
သံဃာ့ဝေယျာဝစ္စ အတွက် ဥရောပငွေ ၁၀-၁၅-၂၀
၃၀-၅၀ မိမိတို့ စေတနာရှိသလို ကျောင်းအလှူ
လှူဒါန်းနိုင်ပါသည်။
၅ ။ ကျောင်းတိုက် စင်တာ နေရာကို အများသူငါ
သွားလာ၍ လွယ်ကူသော နေရာကိုရွေးချယ်၍
တည်ထောင် ကြပါမည်။
(ကျောင်းဆောက်ရခြင်း ရည်ရွယ်ချက်)
Type your summary here.
၁ ။ ။ မိမိတို့ ယဉ်ကျေးမှုနှင့် ဘ၀အတွက် ဘာသာ
သာသနာ အဆုံးအမများ မကွယ်မပျောက်အောင် ထိမ်းသိမ်း
စောင့်ရျောက်ပြီး ကိုယ်ကျင့်တရားများနှင့် သာသနာတိုးတက်
ပြန့်ပွားစေရန်။
၂ ။ ။ နယ်သာလန်နိုင်ငံရောက် မြန်မာနိုင်ငံသား
အားလုံးအတွက် သာရေး နာရေး ကျောင်းမှ စုဝေး၍
ကူညီအားပေး စောင့် ရှောက်ရန်။
၃ ။ ။ မိမိတို့နှင့်အတူ ကမ္ဘာသူ ကမ္ဘာသားများအား
ဤကျောင်းမှ ဤ ကား လောဘ - ဒေါသ (အကုသိုလ်
တရား) ဤ ကား အ လောဘ - အဒေါသ (ကုသိုလ်
တရား) ဤ ကား မဂ်တရား - ဖိုလ်တရား စသည်ဖြင့်
ကောင်းကျိုး တရားမျှဝေခံစားရန် ။
၎ ။ ။ ဤကျောင်းမှ မြန်မာနိုင်ငံသို့  ပညာရေး - လူမှုရေး
ကျန်းမာရေး စီးပွားရေး စသော အကြံဉာဏ်များ အတွေး
အခေါ်များ အထောက် အပန့် များ ပေးရန်။
Type the rest of your post here.
( ကျောင်းလှူအကျိုး(၇)မျိုး )
(၁) နတ်နှင့်လူနယ်၊သန္ဓေတွယ်၍၊
(၂) စိတ်ဝယ်တောင့်တ၊ ဆောက်အုံ၏၊
(၃) မထကြက်သီးကိုယ်လည်းမလှုပ်၊
ကြောက်ရုပ်မထင်၊ ထိပ်လန့် စင်၏၊
(၄) ခြင်္သေ့-သစ်-ကျား၊ သားရဲများနှင့်
ဖမ်းစားကလူ၊ နှိပ်စက်မူသား
တောသူ-ဘုတ်-ပြိတ်၊ အဆိပ်ထန်ပြင်း
မြွေနှင့်ကင်းကအဆင်းဖောက်ပြန်၊
ကုမ္ဘဏ်-ရက္ခိုသ်၊ နတ်မိုက်ရန်ပေါင်း
ဘေးလွတ်ရှောင်း၏၊
(၅) မကောင်းအိပ်မက်၊ မမြင်မက်ဘူး၊
(၆)ထင်လျက်သတိ၊ မြဲခိုင်ဘိ၍၊ ၀ိပရိဏံ၊
ဖောက်ပြန်စိတ်ရင်း၊ ရူးသွတ်ခြင်းမှ၊
ရှင်းရှင်းလွတ်ရှောင်း၊ ကျိုးဆက်ကောင်း၏၊
(၇) နောက်နှောင်းဘ၀၊ ပစ္ဆိမ၀ယ်၊ဂုဏကဲပို၊
အရဟတ္တဖိုလ်ဟု၊ ထိုထိုကျေးဇူး၊လွန်ပြန့် ပြူးသည်၊
ဆောက်ဦးလှူကျိုး ခုနှစ်တည်း။
(မင်းကွန်းတိပိဋက)
Monday, December 1, 2008
ကထိန် ကာလ သာဓုစကား
သီတင်းကျွတ် လ တန်ဆောင်
မိုက်မှောက်တို့  ပယ်ခွင်း ၊
ဆီမီး ထိန်ဝေဖြာလျှက်
ဝတိံ သာ စူဠာမဏိမှာ
ချိန်အခါ ပူဇာဘိရယ်သို့ 
ဣန္ဒနာ သူငါသိအောင်
ကထိန်မဟာ လှူ ဒါ ညှိကာကွယ်
ရွှန်းအိ ရောင်လင်း ။ ။
တွေးအလှ ဖြူ ဖြူစင်
အေးမြ လှူ လူ ရှင်တို့ 
တူတူပင် ကုသိုလ် ကျိုးကိုလ
ဇမ္ဗူဇမ္ဗူအစဉ် နူပျိုတိုးစေဘို့ 
ဆုဆိုတန်းခိုး ပေး အမျှ ညီ
အေးမြမနသီ ရွှင်ကြည်သည့်
သာဓုစကား ။ ။
မြန် ဓလေ့ ပေမို့ 
စံမွေ့  နယ်သာလန်၌
ရွယ်ကာကြံ ရှစ်ဖြာမဂ်တွေနဲ့ 
တကယ်သဒ္ဓမှန် သစ္စာပန္နက်ကိုကွယ်
မှန်းလျှက်စိတ်ထား
၃၁ဘုံက သတ္တ၀ါတွေ ရကြပါစေသား ။ ။
ကဗျာ - ဘုန်းသီ (လန်ဒန်) ၇-၁၀-၀၈
ကထိန် အကျိုးကဗျာများ
ကထိန် အကျိုးကဗျာများ
မေး- ကထိန်ဆိုတာ ထိုအရာ ဘယ်ဟာခေါ်တာလဲ
ဖြေ- (က) မိုးနောက်ဆုံး လ လှူဒါန်းရ စီဝရ ဒါနဘဲ ။
(ခ) ရသူ လှူသူ ကျိုးငါးဆူ ရမူ အတူမြဲ ။
(ဂ) ခိုင်မြဲစွာလှ သံဃိက ကထိန ဒါန ခေါ်တာဘဲ။
ကထိန် အကျိုး ငါးပါး
(၁) - မပန်မကြား လိုရာသွား ပြစ်များ အာပတ် မသင့်ပြီ ။
လှူဒါန်းသူများ သွားလိုငြား မြစ်တား ပိတ်ပင်မရှိပြီ ။
(၂) - တထည်ထားကာ သုံးထည်မှာ ကင်းကွာ သွားခွင့် ကျိုးရပြီ ။
မသိမ်းမဆည်း ကိုယ့်ပစ္စည်း ကင်းပြီး သွားနိုင်သည် ။
(၃) - လေးပါးတူပင် ဂိုဏ်းဘောဇဉ် စားလျှင်စားနိုင်သည် ။
ဆွေမျိုးစုံလင် အတူယှဉ် စားစဉ် အဆိပ် ကင်းပျောက်သည် ။
(၄) - များစွာသင်္ကန်း ပေးလှူဒါန်း သိမ်းမြန် ထားက ထားနိုင်သည် ။
မင်းခွန်ဘဏ္ဍာ ကင်းလွတ်ကွာ ဥစ္စာ များများ ရနိုင်သည် ။
(၅) - ကထိန်ခံလှူ ရဟန်းအတူ ကြွင်းမူ သံဃာ့ မပိုင်ပြီ ။
ကထိန်ဒါယကာ ပိုင်ဥစ္စာ သူငါ ပိုင်ခွင့် မရှိပြီ ။
အလှူပေး အလှူခံ ကထိနံ ငါးတန် တူမျှ ရကြပြီ ။
သံပေါက်ကဗျာ - ဘုန်းသီ (လန်ဒန်)

