Monday, August 24, 2009

ပညာရံသီဝိဟာရအစည်းအဝေးမှတ်တမ်းထုတ်ပြန်ကြေငြာချက်

ပညာရံသီဝိဟာရအစည်းအဝေးမှတ်တမ်းထုတ်ပြန်ကြေငြာချက်
နေ့စွဲ ၂၃-၀၈-၂၀၀၉
နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
"အတ္တာယ ဟိတာယ သုခါယ ဒေ၀ မနုဿာနံ ဗုဒ္ဓေါလောကေ ဥပ္ပဇ္ဖတိ"
ကောဇာသက္ကရာဇ် ၁၃၇၁ခုနှစ် တော်သလင်းလဆန်း ၄ရက်၊ခရစ်သက္ကရာဇ် ၂၀၀၉ခုနှစ်
သြဂုတ်လ ၂၃ရက် တနင်္ဂနွေနေ့ တွင် " ပညာရံသီဝိဟာ" ဘုန်းကြီးကျောင်းဖြစ်မြောက်ရေး
မျက်နှာစုံညီ အစည်းအဝေးတရပ်ကို Oudegracht 36, 3511 AP Utrecht မြို့ kargadoor
zaal တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
ဦးစွာ "ပညာရံသီဝိဟာရ" ဥက္ကဋ္ဌ ဆရာတော် ဦးဥတ္တရ မှ နမောတဿ သုံးကြိမ်ရွတ်ဆို၍
အစည်းအဝေးဖွင့်လှစ်ခါ မေတ္တာ စေတနာ၏ သက်ရောက်မှု ကောင်းကျိုးတရားများကို ဟော
ကြားတော်မူခဲ့ပါသည်။ ဆက်လက်၍ မြန်မာ့ရိုးရာ ဘာသာသာသနာနှင့် ယဉ်ကျေးမှုများထိန်း
သိမ်းစောင့်ရှောက်တတ်ကြောင်း၊ကိုယ်ကျင့်သီလမြဲမြံ၍ ဘာသာရေးနှင့်မကင်းကွာစေရန်
ရည်ရွယ်ချက်ဖြင့် ဤအစည်းအဝေးကို ပြုလုပ်ခြင်းဖြစ်ကြောင်း၊တရားဓမ္မ၊နိုင်ငံရေး၊လူမှုရေး
စင်တာကြီးတခုအဖြစ် အောင်မြင်သည်အထိ လုပ်ဆောင်မည်၊
"ကျွန်ုပ်ကို ယုံကြည်သော သူများကြောင့် ကျွန်ုပ်ဖြောင့်မတ်မည်" ဟူသောဆောင်ပုဒ်နှင့်အ
ညီ ကျင့်သုံးမည်ဟု သံဓိဋ္ဌာန်ချကြောင်း"
ပညာရံသီဝိဟာရ နှင့်ပတ်သက်၍ ကောင်းမြတ်သော အကြံဥာဏ်ကောင်းများ၊ အားလုံး
မိသားစု စိတ်ဓါတ်ဖြင့် လက်တွဲညီတူ ပံ့ပိုးကူညီကြလျှင် မုချအောင်မြင်ရမည်ဖြစ်ကြောင်း
တို့ကို အကျယ်တ၀င့် မိန့်ကြားခဲ့ပါသည်။
ကြွရောက်လာသော ဧည့်ပရိဿတ်များမှလည်း မိမိတို့သိလိုသော မရှင်းလင်းသေး
သည့်အချက်အလက်များကို အပြန်အလှန်မေးမြန်းဆွေးနွေးဖလှယ်ခဲ့ကြပါသည်။
ညှိနိုင်းဆွေးနွေးကြခြင်းဖြင့် ကျောင်းဖြစ်မြောက်ရေးကိစ္စများ၊ ကဏ္ဍအလိုက်တာဝန်ယူမှုနှင့်
ဘဏ္ဍာရေးမှူးတို့မှ ပူးပေါင်းထုတ်ပြန်ကြေငြာ၍ လက်ရှိအခြေအနေအရ နယ်သာလန်နိုင်ငံတွင်
ပညာရံသီဝိဟာရ ဘုန်းတော်ကြီးကျောင်း မကြာမီအကောင်အထည်ဖေါ်နိုင်မည်ဖြစ်ကြောင်း
ဂတိပေးကြပါသည်။
အစည်းအဝေးကို "ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု" သုံးကြိမ်ရွတ်ဆို၍ရုတ်သိမ်းခဲ့ပါသည်

သတင်းနှင့်ပြန်ကြားရေး
ကျောင်းဖြစ်မြောက်ရေးကော်မီတီ
ပညာရံသီဝိဟာရ
နယ်သာလန်