Type your summary here.
Type the rest of your post here.
အရှေ့ကိုရှောက်
အနောက်ကိုမျှော်၊ တခါသော်က
ဒို့နော် စကား၊ နား ၀ယ် ကြားခဲ့ ။
ယခုသော်ကား၊ထိုစကားကို
ဒို့များအနောက်၊နိုင်ငံရောက်စဉ်
ထွန်းပေါက်ဆင့်ဆင့်၊ ကံတွေမြင့်အောင်
ထည်ခွင့်ကျောင်းကြီး၊ ဒို့စုစည်းလျှက်
ပြုနည်းကိုပြ၊ ဥရောပ၏
အလှရောင်လျှံ၊ နယ်သာလန်ဝယ်
ထိုက်တန် ခွင့်ရေး ကြုံခဲ့ပြီ။
ကြုံခဲ့ ဤခါ၊ သာသနာတွက်
ကမ္ဘာ ထင်ရှား၊ လူအများလည်း
ကျင့်ပွားနိုင်စေ၊ စိတ်ကောင်းစေဖြင့်
ဒို့တွေများစွာ၊တည်ဆောက်ပါလျှင်
သူငါအမျိုါ်၊ လောကကျိုးတွက်
ကောင်းဆိုးတိုင်ပင်၊ သနားကြင်လျှက်
လူရှင်ဖေးမ၊ ကူညီကြရင်း
ဒုက္ခ ဟူသ၍၊ မြူ မတွေ့တည့်
ချမ်းမြေ့ စိတ်ဝမ်း၊ ကျောင်း သင်္ခန်းမှ
လှူဒါန်း ကုသိုလ်၊ သာဓု ပို၍
မဂ် ဖိုလ် နိဗ္ဗာန်၊ စည်း စိမ် လျှံသည်
မြန် မြန် ပြီး ဘို့ ကျောင်းဆောက်စို့ ။ ။
(ကဗျာ - ဘုန်းသီ)
ပညာရံသီဝိဟာရအစည်းအဝေးမှတ်တမ်းထုတ်ပြန်ကြေငြာချက်
-
ပညာရံသီဝိဟာရအစည်းအဝေးမှတ်တမ်းထုတ်ပြန်ကြေငြာချက်
နေ့စွဲ ၂၃-၀၈-၂၀၀၉
နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
"အတ္တာယ ဟိတာယ သုခါယ ဒေ၀ မနုဿာနံ ဗုဒ္ဓေါလောကေ ဥပ္ပဇ္ဖတိ"
ကောဇာသ...
15 years ago