Monday, December 1, 2008

ကထိန် အကျိုးကဗျာများ

ကထိန် အကျိုးကဗျာများ
မေး- ကထိန်ဆိုတာ ထိုအရာ ဘယ်ဟာခေါ်တာလဲ
ဖြေ- (က) မိုးနောက်ဆုံး လ လှူဒါန်းရ စီဝရ ဒါနဘဲ ။
(ခ) ရသူ လှူသူ ကျိုးငါးဆူ ရမူ အတူမြဲ ။
(ဂ) ခိုင်မြဲစွာလှ သံဃိက ကထိန ဒါန ခေါ်တာဘဲ။
ကထိန် အကျိုး ငါးပါး
(၁) - မပန်မကြား လိုရာသွား ပြစ်များ အာပတ် မသင့်ပြီ ။
လှူဒါန်းသူများ သွားလိုငြား မြစ်တား ပိတ်ပင်မရှိပြီ ။
(၂) - တထည်ထားကာ သုံးထည်မှာ ကင်းကွာ သွားခွင့် ကျိုးရပြီ ။
မသိမ်းမဆည်း ကိုယ့်ပစ္စည်း ကင်းပြီး သွားနိုင်သည် ။
(၃) - လေးပါးတူပင် ဂိုဏ်းဘောဇဉ် စားလျှင်စားနိုင်သည် ။
ဆွေမျိုးစုံလင် အတူယှဉ် စားစဉ် အဆိပ် ကင်းပျောက်သည် ။
(၄) - များစွာသင်္ကန်း ပေးလှူဒါန်း သိမ်းမြန် ထားက ထားနိုင်သည် ။
မင်းခွန်ဘဏ္ဍာ ကင်းလွတ်ကွာ ဥစ္စာ များများ ရနိုင်သည် ။
(၅) - ကထိန်ခံလှူ ရဟန်းအတူ ကြွင်းမူ သံဃာ့ မပိုင်ပြီ ။
ကထိန်ဒါယကာ ပိုင်ဥစ္စာ သူငါ ပိုင်ခွင့် မရှိပြီ ။
အလှူပေး အလှူခံ ကထိနံ ငါးတန် တူမျှ ရကြပြီ ။

သံပေါက်ကဗျာ - ဘုန်းသီ (လန်ဒန်)