Saturday, June 13, 2009

မန္တလေး မစိုးရိမ်တိုက်သစ် နာယကချုပ်ဆရာတော် အရှင်ရာဇဓမ္မာဘိဝံသ ဥရောပခရီး


လန်ဒန်သို့ အလည်အပတ်ခရီးရောက်ရှိတော်မူနေသော မန္တလေး မစိုးရိမ်တိုက်သစ် နာယကချုပ်ဆရာတော် အရှင်ရာဇဓမ္မာဘိဝံသ၏ လန်ဒန်ရှိ ဒါယိကာ ဒါယိကာမများကို တရားရေအေး အမြိုက်ဆေးတိုက်ကျွေးသည့် တရားပွဲကို မနေ့ညနေ ၇ နာရီအချိန်မှာ စတင်ပြီး ၈ နာရီခွဲခန့်မှာ အောင်မြင်စွာပြီးဆုံးခဲ့ပါတယ်။
ပထမဆုံး ဥရောပခရီးစဉ်ကို နယ်သာလန်နိုင်ငံ ပညာရံသီဝိဟာရ ဘုန်းတော်ကြီးကျောင်းသို့
၁၅-၀၆-၂၀၀၉ နေ့ ညနေ ၅နာရီတွင်ရောက်ရှိ သီတင်းသုံးမည်ဖြစ်ကြောင်း၊ အသိပေးနှိုးဆော်အပ်ပါသည်။

Read More...ဆက်ကြည့်ရန်သို့

Friday, June 5, 2009

မစိုးရိမ်ကျောင်းတိုက်သစ် နာယကချုပ်ဆရာတော် အရှင်ရာဇဓမ္မာဘိဝံသ ဆရာတော်ဘုရားကြီးနယ်သာလန်နိုင်ငံသို့

မန္တလေးမြို့ မစိုးရိမ်ကျောင်းတိုက်သစ် နာယကချုပ်ဆရာတော် အရှင်ရာဇဓမ္မာဘိဝံသ ဆရာတော်ဘုရားကြီးသည် အင်္ဂလန်နိုင်ငံနှင့် ဥရောပတခွင်စွမ်းစွမ်းတမံ
သာသနာပြုတော်မူနေကြသော တပည့်ရဟန်းတော်တို့၏ သာသနာပြု
လုပ်ငန်းများကိုအားပေးရန်နှင့် ဒါယိကာ ဒါယိကာမတို့အား တရားရေအေး
တိုက်ကျွေးတော်မူရန် ၂၀၀၉-ဇွန်လ ၆ရက်နေ့ တွင် လန်ဒန်မြို့သို့ရောက်ရှိတော်မူကာ၊
ထိုမှတဆင့်နော်ဝေး၊ဒိန်းမတ်၊ဖင်လန်၊ဂျာမဏီ၊နယ်သာလန်၊ဘယ်လ်ဂျီယံ
နှင့် ပြင်သစ်နိုင်ငံများသို့ ဆက်လက်ကြွရောက်တော်မူမည်ဖြစ်ပါသည်။

ဆရာတော်ကြီးသည် ၁၅ ရက်နေ့ ညနေ၆နာရီတွင် နယ်သာလန်နိုင်ငံ သို့ကြွရောက်လာမည်ဖြစ်ပါ၍ဓမ္မမိတ်ဆွေ သူတော်စဉ်အပေါင်းတို့အနေဖြင့် လာရောက်ကြည်ညိုဖူးမျော်နိုင်ရန်အသိပေးအကြောင်းကြားအပ်ပါသည်။
(၁၈ရက်နေ့ ညနေတွင် နယ်သာလန်နိုင်ငံမှပြန်လည်ကြွချီတော်မူမည်ဖြစ်ပါသည်။)

မှတ်ချက်။ ။ ဆရာတော်ကြီးများအား မနက်အာရုံဆွမ်းနှင့်နေ့ဆွမ်းမျာကို
ဆက်ကပ်လှူဒါန်းနိုင်ပါသည်။ (နေ့ဆွမ်းကို မနက် ၁၁နာရီအမှီလာရောက်
လှူဒါန်ကြပါရန်တိုက်တွန်းနိုးဆော်အပ်ပါသည်)

Read More...ဆက်ကြည့်ရန်သို့

Monday, May 18, 2009

Sunday, May 17, 2009

နယ်သာလန်နိုင်ငံ ပထမအကြိမ် ဗုဒ္ဓနေ့ပူဇော်ပွဲကျင်းပခြင်း


ပထမအကြိမ် ဗုဒ္ဓနေ့ပူဇော်ပွဲကျင်းပခြင်း
၁။ နမောတဿ ၃ ကြိမ် ရွတ်ဆို၍ အခမ်းအနားကိုဖွင့်လှစ်
၂။ ထူးမခြားနား သီချင်းဖြင့် ဦးချစ်ခိုင်စိုး က တီးခတ်၍ ဒေါ်ခင်လှသိန်းမှသီဆိုပူဇော်
၃။ ပရိတ်သတ်များမှ ၅ ပါးသီလ ခံယူခြင်း
၎။ သံဃာတော်များ ထံမှပရိတ်တရားနာယူခြင်း
၅။ ဆရာတော်ဦးဥတ္တရထံမှ ဗုဒ္ဓနေ့ပူဇော်ပွဲတရားတော်နာကြားခြင်း
၆။ ပရိတ်သတ်များမှ ၈လုံးဖွဲ့ ကဗျာများ၊မင်္ဂလာကဗျာများ၊ ပဋ္ဌာန်းပစ္စယနိဒ္ဒေသဖြင့်ပူဇော်ခြင်း
၇။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်နိုင်ငံရေးခေါင်းဆောင်များအား အကျဉ်းထောင်မှအမြန်ဆုံး လွတ်မြောက်စေရန် ဆုတောင်းကြခြင်း
၈။ ရေစက်ချအမျှပေးဝေခြင်း
၉။ ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု ၃ ကြိမ် ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းလိုက်ပါသည် ။

Read More...ဆက်ကြည့်ရန်သို့

နယ်သာလန်နိုင်ငံ ပထမအကြိမ် ဗုဒ္ဓနေ့ပူဇော်ပွဲကျင်းပခြင်း


ပညာရံသီဝိဟာဘုန်းတော်ကြီးကျောင်း၌ ဗုဒ္ဓနေ့ပူဇော်ပွဲကျင်းပ
16-05-2009 နေ့ မနက်အာရုံဆွမ်းကပ်လှူ၊



Read More...ဆက်ကြည့်ရန်သို့

Thursday, May 14, 2009

Buddha Day ပထမအကြိမ် ဗုဒ္ဓနေ့ပူဇော်ပွဲကျင်းပခြင်း

ပထမအကြိမ် ဗုဒ္ဓနေ့ပူဇော်ပွဲကျင်းပခြင်းနှင့် ပညာရံသီဝိဟာရအသင်းဧ။်
အလုပ်အမှု့ဆောင်အဖွဲ့ပြန်လည်ဖွဲ့စည်းခြင်းဖိတ်ကြားလွှာ
သာသနာတော် သက္ကရာဇ် ၂၅၅၃ ခုနှစ်၊ ကောဇာ သက္ကရာဇ် ၁၃၇၁ ခုနှစ်ကဆုန်လဆုတ် (၈)ရက် စနေနေ့၊ ခရစ်နှစ် ၂၀၀၉ ခုနှစ် မေလ(၁၆)ရက်နေ့တွင် ဗုဒ္ဓနေ့ ကို နယ်သာလန်နိုင်ငံ လန့်စမီယာမြို့ရှိ
(ပညာရံသီဝိဟာရ မြန်မာဘုန်းတော် ကြီး ကျောင်း) တွင်ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။
ကဆုန်လဆုတ် (၈)ရက်နေ့ စနေနေ့တွင်နေ့ဆွမ်းကိုအားလုံးစုပေါင်း၍ဘုံဆွမ်းအဖြစ်ကပ်လှူပူဇော်ကြမည်ဖြစ်ပြီး၊
မြတ်စွာဘုရားဧ။် ရုပ်ပွားတော်အား ဆွမ်း၊ရေချမ်း၊သစ်သီး၊ပန်းတို့ဖြင့် ကပ်လှူပူဇော်ခြင်း၊ နေလည်အချိန်ခါတွင်
ဆရာတော် ဦးဥတ္တရမှ တရားတော်များဟောကြားမည်ဖြစ်ပါသည်။နယ်သာလန်နိုင်ငံရှိ ရပ်ဝေး၊ရပ်နီးမှ ဓမ္မမိတ်ဆွေ သူတော်စင်အပေါင်းတို့အားအတူတကွ တက်ရောက်ကြပါရန် ဓမ္မအကျိုးမျော်ကိုး ၍ အသိပေး ဖိတ်ကြား နိုးဆော်လိုက်ရပါသည်။

ကျင်းပမည့်နေရာ ။ ။ Van Beekstraat 102A. 1121 NS Landsmeer. Amsterdam.
ပညာရံသီဝိဟာရ မြန်မာဘုန်းတော်ကြီးကျောင်း
ကျင်းပမည့်နေ့ ။ ။ ၁၆.၀၅.၂၀၀၉ (16.05.2009) စနေနေ့
ကျင်းပမည့်အချိန် ။ ။ နံနက် ၁၀နာရီတွင် သစ်သီး၊ဆွမ်း၊ရေချမ်း၊ပန်းတို့ကပ်လှူ၍
။ နေ့လည် ၁နာရီတွင် တရားနာ မေတ္တာပို့ ၀တ်ရွတ်ဖတ်ပူဇော်ခြင်း။
ညနေပိုင်း ပညာရံသီဝိဟာရအသင်းကြီးဧ။် အလုပ်အမှု့ဆောင်အဖွဲ့ ပြန်လည်ဖွဲ့စည်မည်ဖြစ်ပါသည်၊သို့ဖြစ်ပါ၍
နယ်သာလန်နိုင်ငံရှိ ရပ်ဝေး၊ရပ်နီးမှ ဓမ္မမိတ်ဆွေ သူတော်စဉ် အပေါင်းတို့ကို အတူတကွပါဝင်တက်ရောက်၍
ဝင်ရောက်ကူညီဆောင်ရွတ်ပေးကြပါရန်၊တိုက်တွန်းနိုးဆော်အပ်ပါသည်။

ပညာရံသီဝိဟာရအသင်း အလုပ်အမှု့ဆောင်အဖွဲ့( နယ်သာလန်နိုင်ငံ)
ဆက်သွယ်ရန်ဖုန်း ------ 31(020)4822733

မှတ်ချက်။ ။ ဆွမ်းကပ်လိုသူဓမ္မမိတ်ဆွေများ မိမိတို့ကပ်လို့သည်ဆွမ်းများယူလာကြပါရန် တိုက်တွန်းနိုးဆော်အပ်ပါသည်။

Type the rest of your post here.

Read More...ဆက်ကြည့်ရန်သို့

Monday, May 11, 2009

Netherland နိုင်ငံ ထိုင်းဘုန်းတော်ကြီးကျောင်း ဗုဒ္ဓနေ့ကျင်းပ


၁၀-၀၅-၀-၂၀၀၉ နေ့ထိုင်းဘုန်းတော်ကြီးကျောင်းတွင် ဗုဒ္ဓနေ့
ကျင်းပ(သတင်းဓါတ်ပုံများ)

Read More...ဆက်ကြည့်ရန်သို့

Sunday, May 10, 2009

Netherland နိုင်ငံ ထိုင်းဘုန်းတော်ကြီးကျောင်းဗုဒ္ဓနေ့ကျင်းပ


၁၀-၀၅-၀-၂၀၀၉ နယ်သာလန်နိုင်ငံ လန်းစမီယာမြို့ ထိုင်းဘုန်းတော်ကြီးကျောင်းတွင်
ဗုဒ္ဓနေ့ ကျင်းပခြင်းသတင်း
နယ်သာလန်နိုင်ငံရောက် ထိုင်းနိုင်ငံသားများအပြင်ဗုဒ္ဓဘာသာဝင်နယ်သာလန်
နိုင်ငံသားများသည် ဗုဒ္ဓ၏ရုပ်ပွားတော်ကို ဆီမီး၊ပန်း၊ရေချမ်း၊ဆွမ်း၊ကပ်လှူကြည်ညိုသဒ္ဒါပွားခြင်း
ထိုင်းဘုန်းတော်ကြီး သုံးပါးအား စုပေါင်းနေ့ဆွမ်းကပ်လှူခြင်း၊
ဘုန်းတော်ကြီးများထံမှသီလခံယူဆောက်တည်ခြင်း၊ တရားနာခြင်း။ အပြီးတွင်
ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအား ထိုင်းနိုင်ငံ၏အစားသောက်များဖြင့်
ကျွေးမွေးဧည့်ခံကြပါသည်။ ကြွရောက်လာကြသောဓမ္မမိတ်ဆွေများမှ ဗုဒ္ဓမွေးဖွားလာပုံ
အကြောင့်နဲ့ ဗုဒ္ဓနေ့ဖြစ်ပေါ်လာပုံအကြောင့်တို့ကို အပြန်အလှန်ဆွေးနွေးကြပြီးနောက်
အခမ်းနားကို နေ့လည် ၄နာရီလောက်တွင် ပြီးဆုံးသွားခဲ့ပါသည်။

Read More...ဆက်ကြည့်ရန်သို့

Monday, April 13, 2009

နယ်သာလန်နိုင်ငံရှိ WAT BUDDHAVIHARA ထိုင်းဘုန်းတော်ကြီးကျောင်းနှစ်သစ်ကူးဓါတ်ပုံသတင်း


(Photo By PyeAye)
Song Kean Feest 2009
WAT BUDDHAVIHARA AMSTERDAM NETHELAND ရှိ
ထိုင်းဘုန်းကြီးကျောင်း နှစ်သစ်ကူးဆုတောင်းပွဲနှင့်
ဆွမ်းဆန်စိမ်းလောင်းပွဲကျင်းပ
12 April 2009 (9:00AM)

Read More...ဆက်ကြည့်ရန်သို့