Sunday, March 22, 2009

၂၀၀၉ မြန်မာနှစ်သစ်မင်္ဂလာစုပေါင်းရဟန်းခံပွဲ


သံဃာ့ဒါန ဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် အတာသင်္ကြန်ပွဲတော် " ဖိတ်ကြားလွှာ"
Type your summary here.
၂၀၀၉ မြန်မာနှစ်သစ်မင်္ဂလာစုပေါင်းရဟန်းခံ
သံဃာ့ဒါန ဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် အတာသင်္ကြန်ပွဲတော်
" ဖိတ်ကြားလွှာ"
ချစ်ကြည်ရင်းနှီးလေးစားစွာဖိတ်ကြားအပ်ပါသည်။
ပညာရံသီဝိဟာရ မြန်မာဘုန်းတော်ကြီးကျောင်းတွင်
လတံခူးပေမို့ အလှထူးပါဘိ
မြမြဖူးခိုင်ရွှေဝါ ပန်းပိတောက်ဝေဖြာသည့်
အတာအင်္ကြန်ပွဲတော်ကို ရိုးရာယဉ်ကျေးမှုနှင့်အညီ သံဃာတော်အရှင်သူမြတ်
(၅)ပါး တို့အား သံဃာ့ဒါန ဆွမ်းဆန်စိမ်းလောင်းခြင်း၊ စုပေါင်းရဟန်းခံခြင်း၊
စုပေါင်းပရိတ်တရားတော်နာကြားခြင်း၊ အစရှိသော ကောင်းခြင်း မင်္ဂလာယူခြင်း
များကို ကျင်းပပြုလုပ်မည်ဖြစ်ပါ၍ လက်တွဲညီညာ ကြည်သာနှလုံး၊ ပီတိပြုးံဖြင့်
နှစ်သစ် ကုသိုလ် အတူပြုကြရင်း မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်ကို
ပျော်ရွှင်စွာ ဆင်နွဲ ကြလိုပါ၍ လာရောက်အတူ ကုသိုလ်ယူကြပါရန်
လှိုက်လှဲရင်းနှီးစွာ ဖိတ်ကြားအပ်ပါသည်။
ကျင်းပမည့်နေ့ရက် ။ ။ ၁၉-၀၄-၂၀၀၉ (တနင်္ဂနွေနေ့)
ကျင်းပမည့်အချိန် ။ ။ နံနက် (၉) နာရီ မှ ညနေ(၅) နာရီအထိ
ကျင်းပမည့်နေရာ ။ ။ ပညာရံသီဝိဟာရ မြန်မာဘုန်းတော်ကြီးကျောင်း
Van Beeksteaat 102A
1121 NS Landsmeer .
Amsterdam.
ဆက်သွယ်ရန် ။ ။ ကျောင်းဖုန်း 0204822733 (0614702907)
ဦးကျော်သူ 0263617752. 0613870522
ဦးဆွေဦး 0616671599
ဦးချစ်ခိုင်စိုး 0102182631. 0613213522
မှတ်ချက်။ ။ဒုလ္လဘရဟန်းဝတ်လိုသူများ နေရာအခက်ခဲရှိပါ၍ (၁၀)ပါးအရေအတွက်သာ
လက်ခံနိုင်မည်ဖြစ်ပါသည်။ ဧပြီလ (၇)ရက်နေ့ နောက်ဆုံးထား၍ စာရင်းပေး
သွင်းကြပါရန်နှင့် သံဃာ့ဒါန အလှူအတွက် မိမိတို့လှူလိုသော လှူဖွယ်ပစ္စည်း
များကို လှူဒါန်းဆက်ကပ်နိုင်ပြီး သံဃာအပါးရေအလိုက် ကြိုတင်လှူဒါန်းလိုသူ
များ ပညာရံသီဝိဟာရ သို့ဆက်သွယ် လှူဒါန်းနိုင်ပါသည်။
ချမ်းမြေ့စိတ်ထားကြည်ညိုသဒ္ဓါပွားကြရန်
ပညာရံသီဝိဟာရ ဆရာတော်များမှ ရဟန်းလောင်းတို့အား ရဟန်းအဖြစ်ချီးမြှင့်ပေးကြခြင်း ၊ ၁၉ရက်နေ့မှစ၍(ရ)ရက် တိုင်တိုင် သတိပဋ္ဌာန်တရားတော်များကိုဟောကြားခြင်း၊ပွားများအားထုတ်ကြခြင်း
များပြုလုပ်ကြမည်ဖြစ်ပါသည်။
တရားအားထုတ်လိုသူများလာရောက်အားထုတ်နိုင်ကြပါသည်။
ပညာရံသီဝိဟာရမြန်မာဘုန်းတော်ကြီးကျောင်း
အလုပ်မှုဆောင်အဖွဲ့
ဖိတ်ကြားလွှာများကို အိမ်တိုင်အရောက်ဆက်လက်ပေးပိုပါမည်
Type the rest of your post here.

Read More...ဆက်ကြည့်ရန်သို့